* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *


မြေအောက် ရထားများတွင် လျှပ်စစ် ဓာတ်အား ပေးခြင်းနှင့် ပတ်သတ်ပြီး အများစုမှာ ရထားသံလမ်းမှ ဓာတ်အား ပေးသည် ဟုသာ ထင်မှတ် နေတတ်ပါသည်။ မြေအောက် ရထားများ မောင်းနှင်ရာတွင် လျှပ်စစ် ဓာတ်အား ရယူခြင်းနှင့် ပတ်သတ်၍ အခြေခံ အကျဆုံး အရာမှာ contact rail ခေါ် ရထားသံလမ်း နှစ်ခုဘေးရှိ အပိုသံလမ်းကို အသုံးပြုခြင်း ဖြစ်ပါသည်။ ၎င်းကို third rail ဟုလည်း ခေါ်ဆိုလေ့ရှိပါသည်။

Contact rail များကို လျှပ်စစ်စီးကူးမှုကောင်းသော low-carbon steel ကို အသုံးပြ၍ ပြုလုပ်လေ့ရှိသည်။ contact rail များကို အလုပ်လုပ်သည့် မျက်နှာပြင် (working surface) ပေါ်မူတည်၍ rail ၏ အပေါ်ယံမျက်နှာပြင် (upper surface) ကို အသုံးပြုသော အမျိုးအစားနှင့် အောက်ဖက် မျက်နှာပြင် (lower surface) ကို အသုံးပြုသော အမျိုးအစားဟူ၍ နှစ်မျိုး ခွဲခြားနိုင်ပါသည်။

Contact rail မှ လျှပ်စစ် ဓာတ်အားကို ရထားဆီသို့ ပို့ဆောင်ရာတွင် ကြားခံအဖြစ် pantograph ခေါ် လျှပ်စစ် ဖြတ်သန်း စီးဆင်းစေသော framework ကို အသုံးပြုပါသည်။ pantograph ၏ shoe အပိုင်းနှင့် contact rail ၏ အပေါ်မျက်နှာပြင် (သို့မဟုတ်) အောက်ဖက် မျက်နှာပြင် ထိတွေ့ခြင်းဖြင့် လျှပ်စစ်ဓာတ်အားကို ရထားဆီသို့ ပို့ဆောင်ပါသည်။


ပုံတွင် Contact rail များ၏ အောက်ဖက်မျက်နှာပြင် (lower surface) ကို အသုံးပြုသော အမျိုးအစားကို ဖော်ပြ ထားပါသည်။ ၎င်း အမျိုးအစားတွင် contact rail သည် metallic arm တစ်ခုတွင် ချိတ်ဆွဲထားသည့် ပုံစံမျိုးဖြစ်သည်။ pantograph ၏ shoe အပိုင်းနှင့် contact rail ၏ အောက်ဖက် မျက်နှာပြင် ထိတွေ့ခြင်းဖြင့် ရထားသို့လျှပ်စစ် ပေးပို့ခြင်းဖြစ်သည်။ Contact rail များသည် high voltage ကို အသုံးပြုခြင်း ဖြစ်သဖြင့် အန္တရာယ် ကင်းရှင်းစေရန် အတွက် rail တလျှောက် အပေါ်ဖက်နှင့် ဘေးဖက်တွင် လျှပ်ကာ အကာအကွယ်များ ထားရှိပေးရသည်။ ယခုအခါတွင် ထိုအကာအကွယ်များကို flame-proof fiberglass plastic များနှင့် ပြောင်းလဲကာ သုံးစွဲလာကြသည်။


အထက်တွင် ဖော်ပြထားသော ပုံတွင် contact rail များ၏ အပေါ်ယံ မျက်နှာပြင် (upper surface) ကို အသုံးပြုသော အမျိုးအစားကို တွေ့မြင်နိုင်ပါသည်။ shoe နှင့် contact rail ၏ အပေါ် မျက်နှာပြင် ထိတွေ့ခြင်းဖြင့် လျှပ်စစ် ဓာတ်အားကို ရထားဆီသို့ ပေးပို့သော အမျိုးအစား ဖြစ်သည်။

မြေအောက် ရထားများတွင် ရထား မောင်းနှင်နေစဉ် pantograph ၏ shoe သည် contact rail ပေါ်သို့ ဖိအား 250 နယူတန် (N) သက်ရောက်လျက် ရှိသည်။ ထိုဖိအားသည် contact rail နှင့် shoe ကို အဆက်မပြတ် ထိတွေ့မှု ဖြစ်စေရန် အတွက် အထောက်အကူ ဖြစ်စေပါသည်။ contact rail များသည် များသောအားဖြင့် ရထား ရွေ့လျားရာ လမ်းကြောင်း၏ ဦးတည်ရာ (moving direction) ၏ ဘယ်ဖက် အခြမ်းတွင် ရှိတတ်ပါသည်။

ထိုအကြောင်းနှင့် ပတ်သတ်ပြီး ကျွန်တော် လေ့လာမိသလောက် ကြိုးစား၍ ယခု ပို့စ်ကို ရေးသားထားခြင်း ဖြစ်ပါသည်။ အကယ်၍ အမှားအယွင်း လိုအပ်ချက် တစ်စုံတစ်ရာ ရှိခဲ့ပါက ကျွန်တော့်ရဲ့ လေ့လာမှု အားနည်းခြင်းကြောင့်သာ ဖြစ်ပါသည်။

Print ပရင့်ထုတ်ရန်
4 ထင်မြင်ချက်၊
  1. စိုးထက် - Soe Htet ! February 14, 2008 at 5:39 PM  

    ကျွန်တော် ဒီမှာတော့ တတိယ သံလမ်း မတွေ့ ဘူးဗျ ... အပေါ်က တန်းလန်းကြီး နဲ့ သွားနေတာပဲ တွေ့ တယ် :D

  2. Mingalabar February 16, 2008 at 6:49 AM  

    Hi, very useful knowledge . If it is possible , we would have a good chance to know more detail. We are now working in Singapore.Thanks

    SWA

  3. kim February 16, 2008 at 7:09 AM  

    ကို leostar ကြီးကတော့ စွယ်စုံပဲနော် .. ဗျ ။ ပညာရေး ၊ လူမှုရေး ၊ ဘာသာရေး ... အဲပြီးတော့ ဘာအရေးများ ကျန်ဦးမလဲ မသိဘူး .. ။ :)

  4. Ottersenator February 19, 2008 at 6:49 AM  

    hey..leo...buddy!
    It's a nice post. I know u r sure what u know in this field. So there is no addational technical comment but congratulation. But i wanna know alittle more detail. I'll come to ask u personally. I think it'll be the nice if there is a cup of coffee for me. :P

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.