* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

Interchange Transfer Station Complex

စာရေးသူ © မိုးပေါက် |

မြေအောက် ရထားလိုင်းများ တစ်ခုနှင့်တစ်ခု ဖြတ်သွားသော လမ်းဆုံနေရာများရှိ မြေအောက် ဘူတာများတွင် ဘူတာတစ်ခုမှ တစ်ခုသို့ ကူးပြောင်းနိုင်ရန် အတွက် မြေအောက် အတွင်းမှာပင် Transfer passageway များကို တည်ဆောက် အသုံးပြုကြပါတယ်။ အဓိက ဆောက်လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မြေအောက် ရထားလိုင်း တစ်ခုမှ တစ်ခုကို ကူးပြောင်းရာတွင် မြေပြင်ပေါ်သို့ အတက် အဆင်း ပြုလုပ်ရမှာ ဖြစ်သောကြောင့် သွားလာမည့် ခရီးသည်များ အချိန်ကုန် သက်သာစေရန်နှင့် လူပင်ပန်းမှု မရှိစေရန် ရည်ရွယ်ပါတယ်။ မြေအောက် ရထားလိုင်း ဆုံသောနေရာရှိ Station အရေအတွက်နှင့် Stations များ တည်ရှိနေမှု အနေအထား အပေါ် မူတည်၍ passageway တည်ဆောက်မှုများ ကွဲပြား နိုင်ပါတယ်။ အဆိုပါ Stations များ အချင်းချင်း ဆက်သွယ်ထားမှု တည်ဆောက်ပုံ အားလုံးကို အကြမ်းအားဖြင့် Interchange transfer station complex ခေါ်ဆိုနိုင်ပါတယ်။

မြေအောက် ရထားလိုင်းပေါ်ရှိ Stations များ တစ်ခုမှတစ်ခုသို့ ခရီးသည်များကို Tranfer လုပ်တဲ့အခါ ဆက်သွယ်ထားတဲ့ transfer passageway tunnel များရဲ့ မတ်စောက်မှု အနိမ့်အမြင့်ပေါ် မူတည်ပြီး လှေကားထစ်များ သို့မဟုတ် စက်လှေကားများဖြင့် အသုံးပြုကြပါတယ်။ ဒီလိုဆက်သွယ်ရာမှာ passageway tunnel များဟာ အလွန်ရှည်လျားနေပါက ခရီးသွားများအတွက် သက်တောင့်သက်သာ မဖြစ်ခြင်း၊ အချိန်ကုန် လူပင်ပန်းခြင်းများ ဖြစ်ပေါ်စေပါတယ်။ သို့အတွက်ကြောင့် မြေအောက်ရထား လမ်းဆုံနေရာများရှိ မြေအောက်ဘူတာများ တစ်ခုမှ တစ်ခုသို့ ဆက်သွယ်ကြရာမှာ Passageway များကို အလွန်ရှည်လျားခြင်း မရှိစေရန် စနစ်တကျ Design ပြုလုပ်ဖို့ လိုအပ်ပါတယ်။



ဒီပို့စ်မှာ အဆိုပါ Interchange transfer station complex Design ပြုလုပ်ပုံများကို လေ့လာနိုင်ဖို့ အတွက် တင်ပြ သွားမှာဖြစ်ပါတယ်။

ကမ္ဘာ့မြို့ကြီးများရှိ မြေအောက်ရထားလိုင်းများဆုံသော Interchange Stations များ အရေအတွက်ကို အောက်ဖော်ပြပါ ဇယားမှာ နှိုင်းယှဉ် ဖော်ပြ ပေးထားပါတယ်။ (၁၉၉၆ ခုနစ် အထိသာ ဖြစ်ပါတယ်။)



မြေအောက်ရထားလိုင်း လမ်းဆုံနေရာများရှိ ဘူတာများကို Transfer Passageway များဖြင့် ဆက်သွယ် ကြရာမှာ ရထားလိုင်းများရှိ ဘူတာ တစ်ခုနှင့်တစ်ခု အနိမ့်အမြင့် ကွာခြားချက်၊ ဘူတာတစ်ခုနှင့် တစ်ခု အကွာအဝေး၊ ဆက်သွယ်မှု ပြုလုပ်မည့် transfer station complex တစ်ခုလုံး၏ မြေအတိမ်အနက် စသည်တို့ အပေါ် မူတည်၍ စဉ်းစား တွက်ချက်ကာ တည်ဆောက်ကြရပါတယ်။

မြေအနက် မတူညီသော ရထားလိုင်း ဆုံသောနေရာများရှိ Stations များကို တစ်ခုနှင့်တစ်ခု ဆက်သွယ်ရာမှာ အကြမ်းအားဖြင့် အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်။


(ပုံ-၁) Station Platform အဆုံးနှင့် အခြား Station Platform ၏ အဆုံးကို ဆက်သွယ်ခြင်း(end-to-end)


(ပုံ-၂) Station Platform တစ်ခု၏ အလယ်နှင့် အခြား Station Platform ၏ အဆုံးကို ဆက်သွယ်ခြင်း (middle-to-end)


(ပုံ-၃) Station Platform တစ်ခု၏ အလယ်နှင့် အခြား Station Platform ၏ အလယ်ကို ဆက်သွယ်ခြင်း (middle-to-middle)

Station များ နေရာချထားပုံ၊ မြေပြင်နှင့် Undergorund Stations များကို ဆက်သွယ်ပေးမယ့် စက်လှေကား ဥမင်(သို့) ရိုးရိုးလှေကားဥမင် အရေအတွက်၊ Passenger Traffic Flow နှင့် Station များ တည်ဆောက် ထားရှိမှု Design စသည်တို့အပေါ်မူတည်၍ Stations များ တစ်ခုနှင့်တစ်ခု ဆက်သွယ်မှု ပြုလုပ်ကြရပါတယ်။

End-to-end ဆက်သွယ်ထားသော Stations များတွင်၏ အဓိကဆိုးကျိုးမှာ Station Platform end တစ်ခုစီကို ဆက်ထားသောကြောင့် မြေပြင်နှင့် ဆက်သွယ်ထားသော စက်လှေကားဥမင်များကို Station Platform များတွင် တစ်ခုစီသာ ဖောက်လုပ်နိုင်ခြင်း ဖြစ်ပါတယ်။ မြို့ပြဖွံ့ဖြိုး တိုးတက်မှုအရ ရေရှည်ကို စဉ်းစားရာတွင် Passenger current များလာနိုင်တဲ့အခါမှာ စက်လှေကားဥမင်ကို Platform အဆုံးတစ်ဖက်မှာ ထပ်မံ ဖောက်လုပ်ဖို့ မဖြစ်နိုင်တော့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

Middle-to-middle ဆက်သွယ်ထားသော Station များတွင်မူ Station Platform အဆုံးများတွင် လိုအပ်ပါက မြေပေါ်ပိုင်းနှင့် ဆက်သွယ်သော စက်လှေကားဥမင်များကို တည်ဆောက်နိုင်ပါတယ်။

Middle-to-end ဆက်သွယ်ထားသော Station များတွင် Station နှစ်ခုအနက်မှ တစ်ခုတွင် မြေပေါ်ပိုင်းနှင့် ဆက်သွယ်ပေးမည့် စက်လှေကား ဥမင်ကို Platform နှစ်ဖက်လုံးတွင် တပ်ဆင်နိုင်ပါတယ်။ Platform end တွင်ဆက်ခြင်းခံရသော Station ဘက်တွင် မြေပေါ်ပိုင်းနှင့် ဆက်သွယ်ပေးမယ့် စက်လှေကား ဥမင်တစ်ခုသာ တည်ဆောက်နိုင်ပါတယ်။




ယေဘုယျအားဖြင့် interchange transfer station complex တည်ဆောက်မှုကို ခွဲခြားရာမှာ ရထား လိုင်းများပေါ်ရှိ သီးခြားဘူတာများ တစ်ခုနှင့် တစ်ခု ဆက်သွယ်ထားပုံ (Isolated transfer station complex) နှင့် ရထားဘူတာ တစ်ခုတည်းတွင် ရထားလိုင်းများ စုစည်း၍ တည်ဆောက်ထားသော ပေါင်းစပ်ဘူတာ (Combined transfer station complex ) ဆိုပြီး ခွဲခြားနိုင်ပါတယ်။



ပုံ(၄)

(၁) Isolated transfer stations complex

ဒီအပိုင်းမှာ မြေ Level ပေါ်မူတည်ပြီး stations များ ဆက်သွယ်မှုကို ထပ်မံခွဲခြားနိုင်ပါတယ်။

မြေအနက်တူသော Stations နှစ်ခုကိုဆက်သွယ်ရာတွင် ပုံတွင်ပြထားသည့်အတိုင်း Station များ၏ အပေါ်ပိုင်းမှလည်းကောင်း၊ Station များ၏အောက်ပိုင်းမှ လည်းကောင်း ဆက်သွယ်နိုင်ပါတယ်။

ပုံ(၅)


ပုံ(၆)

မြေအနက်မတူသော Staions များကိုဆက်သွယ်ရာတွင် ပုံတွင်ပြထားသည့်အတိုင်း ခွဲခြားနိုင်ပါတယ်။


ပုံ(၇)

(ပုံတွင်ဖော်ပြထားသော interchange transfer tunnel များကို column-type stations နှင့် pillar-tpye (pier-type) stations များအတွက် Stations အချင်းချင်း ဆက်သွယ်ရာမှာ အသုံးပြုကြတာ ဖြစ်ပါတယ်။ အမိုးခုံးတစ်ခုပါ Stations များတွင် Station platform ၏အလယ်မှ interchange transfer tunnel များကို တည်ဆောက် အသုံးပြုပါတယ်။)

အပေါ်ပိုင်း သို့မဟုတ် အောက်ပိုင်း ဆက်သွယ်ထားတဲ့ နည်းလမ်းများ၏ ဆိုးကျိုးမှာ bearing ခံနိုင်မှု ကျဆင်းလာနိုင်ခြင်း ဖြစ်ပါတယ်။ လက်တွေ့တည်ဆောက်မှု အတွေ့အကြုံများအရ ပေါင်းစပ်နည်းလမ်း မှာတော့ ဒီဆိုးကျိုးကို များစွာ လျော့နည်းစေနိုင်တယ်လို့ ဆိုထားပါတယ်။ အပေါ်ပိုင်း သို့မဟုတ် အောက်ပိုင်းမှ ဆက်သွယ်တဲ့အခါမှာ ပုံများမှာ မြင်တွေ့ရတဲ့အတိုင်း ရထားရပ်နားမယ့် ဥမင်တစ်ခု၏ အပေါ်မှဖြစ်စေ အောက်မှဖြစ်စေ ဆက်သွယ်ရာမှာ ရထားဖြတ်သွားမယ့် ဒဏ်ကြောင့် အထူးသဖြင့် အောက်ပိုင်းမှ ဖြတ်သန်းမယ့် နေရာတွေမှာ တုန်ခါမှုဒဏ်ကို ရေရှည်ခံရမှာဖြစ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဒီဆိုးကျိုးကို မဖြစ်ပေါ်စေရန်အတွက် ဖြတ်သန်းသွားမယ် interchange tunnel ကို ရထားလမ်းအောက် အကွာအဝေး တစ်ခုမှာ ထားပြီးတည်ဆောက်နိုင်ပါတယ်။



ပုံ(၈) - မြေအနက်မတူသော ဘူတာများကို Interchange Transfer Passageway Tunnel များဖြင့် ဆက်သွယ်ထားပုံ

၁- ကြားခံဆက်သွယ်ပေးသည့် အခန်း
၂- ရထားလမ်းကူးတံတား
၃- လှေကားငယ်
၎- လှေကား(သို့မဟုတ်) စက်လှေကား

Safety ဖြစ်ဖို့နဲ့ တည်ဆောက်မှု ကုန်ကျစရိတ် သက်သာအောင် စဉ်းစားတဲ့အခါမှာ အပေါ်ပိုင်း Station ၏ ရထားလမ်းအောက်မှာ ဖြတ်သွားမည့် interchange tunnel ၏ ကြမ်းပြင် Level နှင့် အပေါ်ပိုင်း Station ၏ Platform Level အကြား(HH)၊ အောက်ပိုင်း Station ရထားလမ်းအပေါ်ပိုင်းမှ ဖြတ်သွားမည့် interchange tunnel ၏ ကြမ်းပြင် Level နှင့် အောက်ပိုင်း Station ၏ Platform Level အကြား (HB) ရှိ စုစုပေါင်း အကွာအဝေး (Hп) ကို အဓိက စဉ်းစား တွက်ချက်ကြပါတယ်။ စံသတ်မှတ်ထားတဲ့ စုစုပေါင်း အကွာအဝေး (Hп) မှာ အနည်းဆုံး (၈)မီတာ ဖြစ်ပါတယ်။ (ပုံ-၈ မှာ ကြည့်ရှုပါရန်။)




Interchange transfer tunnel များ တည်ဆောက်ပုံသည် Station များ၏ မြေအနက် တည်ရှိမှု အပေါ် များစွာ မူတည်ပါတယ်။ မြေတိမ်ပိုင်းများတွင် မြေအနက်တူသော Station များအကြား interchange transfer tunnel များကိုပြုလုပ်ကြရာတွင် station platform များ၏အစွန်းမှ မြေအောက်ပိုင်းရှိ Vestibule များကို ဆက်သွယ်ပြီး ၎င်း Vestibule များမှတဆင့် နောက် Station များကို ကူးပြောင်း ဆက်သွယ်နိုင်အောင် ပြုလုပ်ကြပါတယ်။ ဒါ့အပြင် Stations များ တည်ရှိပုံပေါ် မူတည်၍ Stations များ၏ Platform အလယ်ပိုင်း အချင်းချင်း ရထားလမ်းကို အပေါ်ပိုင်းမှ ဖြစ်စေ၊ အောက်ပိုင်းမှဖြစ်စေ ဖြတ်၍လည်း တည်ဆောက်နိုင်ပါတယ်။ (ပုံ-၅ တွင်ကြည့်ရှုပါရန်။) မြေအနက်မတူသော Stations များဆက်သွယ်ရာတွင်လည်း ပုံ-၇ တွင် ပြထားသည့်အတိုင်း ဆက်သွယ်နိုင်ပါတယ်။


ပုံ(၉)

မြေနက်ပိုင်း Stations များ အချင်းချင်း ဆက်သွယ်ရာမှာလည်း အထက်ဖော်ပြပါ ပုံများအတိုင်း Interchange transfer tunnel များကို Design ပြုလုပ် စဉ်းစားနိုင်ပါတယ်။

Pillar-type Station များနှင့် Column-type Station တချို့တွင် Transfer Passageway tunnel များကို တည်ဆောက်ရာမှာ အလယ်ပင်မ ဥမင်နှင့် ဘေးရထားလမ်း ဥမင် အကြားမှာ လှေကားထစ်များကို ပြုလုပ်ပြီး ဘေးဥမင်၏ ရထားလမ်းအပေါ်ပိုင်းတွင် တံတားပုံစံပြုလုပ်၍ Passageway များနှင့် ဆက်ကာ အသုံးပြုကြပါတယ်။ ဒါ့အပြင် Transfer passageway tunnel များကို အထက်ပါအတိုင်း ပြုလုပ်ဆက်သွယ်ရာမှာ ခရီးသည်များ အတက်အဆင်းကို ခွဲခြားပေးနိုင်ဖို့အတွက် အဆိုပါလှေကားထစ်နှင့် တံတားများကို Transfer tunnel များ၏ လိုအပ်ချက် အရွယ်အစားကို မူတည်ပြီး (၂)ခု၊ (၃)ခု သို့မဟုတ် (၄)ခုထိ ပြုလုပ်နိုင်ပါတယ်။ (ပုံ-၁၀၊ပုံ-၁၁ မှာ လေ့လာနိုင်ပါတယ်။)


ပုံ(၁၀)


ပုံ(၁၁)

Passageway tunnel များကို တည်ဆောက်ရာမှာ များသောအားဖြင့် အမိုးခုံးတစ်ခုပါ (Arched-type) ဥမင်များဖြင့် ပြုလုပ်ကြပြီး ခရီးသည်များ အသွားအပြန် အသုံးပြုမှာ ဖြစ်တဲ့အတွက် အကျယ်ကို ၆ မီတာမှ ၈ မီတာအထိ ပြုလုပ်ကြပါတယ်။ Tunnel Linging များကို ပြုလုပ်ရာတွင် သံကူကွန်ကရစ် ဘလောက်တုံးများ၊ သံဖြင့်ပြုလုပ်ထားသော အခေါင်းပါ Lining များ (Cast-iron tube) များကို အသုံးပြုကြပါတယ်။ အမိုးခုံးဥမင်အတွက် bearing support ကို ကွန်ကရစ်ဖြင့်ပြုလုပ်ပါတယ်။ (ပုံ-၁၂ ကို ကြည့်ရှုပါရန်။)


ပုံ(၁၂)

နောက်ပို့စ်မှာတော့ Combined Transfer Station Complex ကို ဆက်လက်တင်ပြပေးပါ့မယ်။

အခုပို့စ်မှာတော့ Interchange Transfer Station Complex ကို သဘောပေါက် နားလည်စေရန် အတွက်သာ အဓိက ဖော်ပြပေးထား ပါတယ်။ Construction Design ပိုင်းအတွက်ကိုလည်း သီးခြား ရေးသား ဖော်ပြ ပေးပါ့မယ်။

Related Posts
မြေအောက်မီထရိုဘူတာများနှင့် မြေပေါ်ပိုင်းကို ဆက်သွယ်ခြင်း
မြေအောက်ရထားနှင့် မြေအောက်ဘူတာ တည်ဆောက်ခြင်း နည်းလမ်းများ

Print ပရင့်ထုတ်ရန်
5 ထင်မြင်ချက်၊
  1. စိုးထက် - Soe Htet ! April 12, 2008 at 1:27 PM  

    မင်္ဂလာပါ ခင်ဗျာ ... နှစ်သစ်မှာ ပျော်ရွှင် အဆင်ပြေပါစေ ... :)

  2. ဘလူးဖီးနစ် April 14, 2008 at 5:42 AM  

    very good post :) .

  3. မိုးပေါက် April 14, 2008 at 5:51 AM  

    လာရောက်ဖတ်ရှုတဲ့အတွက် ကျေးဇူးပါခင်ဗျာ...
    နှစ်သစ်မှာ အားလုံး အဆင်ပြေကြပါစေ......

  4. Ottersenator May 2, 2008 at 6:49 PM  

    အားထည့်ထားတာပဲ ထင်ပေါ်။ အချိန်တွေ တော်တော်ပိုလာ တော့ ရေးအားတတ်လာတာပေါ့။ ဟဲဟဲ ။ အချိန်ပိုအောင်ဘယ်လို လုပ်ရတယ်ဆိုတာလေ..ပို့စ်တစ်ပုဒ်လောက်တင်ပါလား။ အားလုံး ..အတုယူရတာပေါ့။

  5. မိုးပေါက် May 3, 2008 at 6:49 AM  

    သယ်ချင်း... အချိန်က ပိုအောင်လုပ်လို့ ရဘူးလေ။ ရေးချင်တဲ့ ဆန္ဒလေးရှိလို့ အချိန်ပေးပြီး ရေးဖြစ်တာပါ။ သူများတွေကိုလည်း မီထရိုနဲ့ပတ်သတ်တဲ့ သိစေချင်တာလေးတွေ သိစေချင်တာပါ။ စိတ်ဝင်စားသူတွေ အတွက် လေ့လာရတာ လွယ်တာပေါ့။ လေ့လာမိတာလေးတွေ စာနဲ့ရေးထားတော့ ကိုယ်လည်း ပြန်ဖတ်ရလွယ်တယ်လေ။ ကျန်တဲ့သူတွေလည်း ကိုးကားရတာလွယ်ကူတာပေါ့။ သယ်ချင်းလည်း ထပ်ရေးဦးလေ။ စာတမ်းနဲ့ပတ်သတ်တာလေး တစ်ခုလောက်ပေါ့။

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.