* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

တနေ့တလံ ပုဂံဘယ်မရွေ့

စာရေးသူ © MyMetro |

MyMetroworld ၂ နှစ်ပြည့်

ဒီနေ့ဟာ MyMetroworld ဘလော့ဂ်ကို မွေးဖွားခဲ့တာ နှစ်နှစ်တိတိပြည့်တဲ့ နေ့လေးပါ။ အပြောကျယ်ပြီး အပြောင်းအလဲ များလှတဲ့ အင်တာနက် ရေစီးကြောင်းမှာ MyMetroworld’s contributors တွေနဲ့အတူ ကြိုးစားရုန်းကန်ရင်း၊ မိမိတို့ လေ့လာသိရှိသမျှကို အတူမျှဝေ ဖလှယ်ရင်းနဲ့ ဒုတိယ နှစ်ပတ်လည်သို့ တိုင်ခဲ့ပါပြီ။

မျိုးဆက်သစ် ဥမင်နဲ့ မီထရိုပိုလီတန် အင်ဂျင်နီယာတွေအတွက် ရည်ရွယ်ပြီး ပြုစုပျိုးထောင်ခဲ့တဲ့ ဘလော့ဂ်တစ်ခု အနေနဲ့ ဖြတ်သန်းခဲ့တဲ့ နှစ်နှစ်တာ ကာလအတွင်းမှာ New Generation of Metropolitan ဆိုတဲ့ ခေါင်းစဉ်နဲ့အညီ ဒီပညာရပ်နယ်ပယ်ကို လေ့လာ သင်ယူနေသူတွေအတွက် အသိပညာ တိုးစေမယ့်၊ (တနည်း) သင်ကြားရေးကို တဖက်တလမ်းက အထောက်အကူ ဖြစ်စေမယ့် သတင်း၊ နည်းပညာဆောင်းပါး၊ ဓာတ်ပုံ၊ ဗီဒီယို စသည်ဖြင့် ကဏ္ဍစုံလင်စွာ မြိုင်မြိုင်ဆိုင်ဆိုင် တင်ပြပေးနိုင်ခဲ့ပါတယ်။ MyMetroworld မှာ ပါဝင်ရေးသားနေကြတဲ့ သူတွေဟာ မိမိတို့ရဲ့ ကျောင်းစာ (သို့) လုပ်ငန်းခွင်ထဲက တာဝန်များနဲ့ လုံးပန်းနေရသူများ ဖြစ်တာကြောင့် ယခုနောက်ပိုင်းမှာ ပို့စ်များ ကျဲပါးလာတာကိုလည်း ဝန်ခံပါတယ်။

သို့ပေမယ့် တနေ့တလံ ပုဂံဘယ်မရွေ့ ဆိုတဲ့ စကားပုံလေးအတိုင်း ဒီဘလော့ရဲ့ ကနဦး ရည်ရွယ်ချက်တွေ ဖြစ်တဲ့
“Tunneling နဲ့ Metropolitan အင်ဂျင်နီယာ နယ်ပယ်၌ လေ့လာ သင်ကြား နေသူများအတွက် တဖက်တလမ်းမှ အထောက်အကူ ဖြစ်စေရန်၊ မိမိတို့ လေ့လာ တွေ့ရှိသည်များကို ပြန်လည်ဝေမျှ ပေးနိုင်စေရန်နှင့် အနာဂတ် မြန်မာဥမင် အင်ဂျင်နီယာများ အတွက် အားထား လေ့လာရမည့် ဘလော့ဂ်တစ်ခု ဖြစ်စေရန်”
ဆိုတဲ့ ရည်မှန်းချက်တွေကို တစိုက်မတ်မတ်နဲ့ ဆက်လက် အကောင်အထည်ဖော်သွားမှာပါ။

မြန်မာ ဘလော့ဂိုစဖီးယားကြီးထဲမှာ သိက္ခာရှိရှိ အဆင့်အတန်းရှိရှိ ရပ်တည်နိုင်ဖို့ ဝိုင်းဝန်းအားဖြည့် ကူညီပေးခဲ့ကြတဲ့ အနယ်နယ်၊ အရပ်ရပ်က မိတ်ဆွေများအားလုံး၊ ပို့စ်များကို အချိန်ပေးပြီး ရေးသားပေးပို့ခဲ့ကြတဲ့ ဘဝတူ အင်ဂျင်နီယာ ညီအစ်ကိုများ အားလုံးကို ဒီ ၂ နှစ်ပြည့်ပို့စ်လေးကနေ ကျေးဇူးဥပကာရ တင်ရှိပါကြောင်း ပြောချင်ပါတယ်။

မျိုးဆက်သစ် ဥမင်အင်ဂျင်နီယာများ အနေနဲ့လဲ မိမိတို့ရဲ့ အဖိုးတန်လှတဲ့ အချိန်များကို ရင်းနှီးပေးဆပ်ပြီး ဆည်းပူးခဲ့ရတဲ့ ပညာတွေကို မမေ့မလျော့ အသုံးချနိုင်ဖို့၊ စဉ်ဆက်မပြတ် သင်ယူလေ့လာနေဖို့၊ Life Long Learning ဆိုသလို လေ့လာရင်း၊ သင်ယူရင်း အင်ဂျင်နီယာကောင်းများအဖြစ် အဆင့်အတန်းမီမီ ရပ်တည်နိုင်ရေးဖို့ အရေးကြီးလှသလို မိမိ သင်ယူတတ်မြောက်ထားတဲ့ ပညာတွေကို အကျိုးရှိစွာ ပြန်လည် အသုံးချတတ်ဖို့လဲ လိုပါတယ်။

အနာဂတ် နိုင်ငံတော် တည်ဆောက်ရေးမှာ အင်ဂျင်နီယာကောင်းများအဖြစ် တာဝန်သိသိ၊ သစ္စာရှိရှိ ထမ်းရွက်နိုင်ဖို့အတွက် MyMetroworld ဘလော့ကနေ အုတ်တစ်ချပ်၊ သဲတစ်ပွင့်လောက် ပမာဏမျှ တစုံတရာ အကျိုးပြုပေးနိုင်၊ အထောက်အကူပြု ပေးနိုင်ခဲ့တယ်ဆိုရင်ပဲ ဒီဘလော့လေးကို ဖန်တီးရကျိုးနပ်ပါပြီလို့ ပြောကြားရင်း… ။
MyMetro

Print ပရင့်ထုတ်ရန်
3 ထင်မြင်ချက်၊
  1. Anonymous February 15, 2009 at 3:51 AM  

    :)
    အကျိုးပြုစာပေများများ ဆက်ရေးနိုင်ပါစေ
    ဘလော့သက်တမ်းအဓွန့်ရှည်ပါစေ

  2. Anonymous February 15, 2009 at 9:28 AM  

    http://www.lta.gov.sg/projects/index_proj_maprail.htm

    ဒီ website ထဲကလည်း အစ်ကိုတို့ လိုချင်တဲ့ info တွေ ရယူပြီးရေးလို့ ရအောင် ပေးလိုက်ပါတယ်..
    အစ်ကိုတို့ အတွက်အသုံးတဲ့မယ်ထင်လို့ ပါ...
    ဒီထက်လဲ..အကျိုးရှိမယ့်စာမျိုးနဲ့  Projectတွေအတွက် အသုံးတဲ့မယ့်စာမျိုးဆက်ရေးနိုင်ပါစေလို့ ပြောပါရစေ....

  3. Anonymous February 22, 2009 at 4:20 AM  

    Thanks you for everything.
    I never never forget your helping with your behavior.


    SOMH

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.