မြေအောက်ရထားပြေးဆွဲမှုမှာ မဖြစ်မနေ အသုံးပြုရတဲ့ Transportation management ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတခုလို့ ပြောရမယ့် သယ်ဆောင်နိုင်မှု စွမ်းရည် (carrying capacity (or) transportation capacity)နဲ့ ဖြတ်သန်းသွားလာနိုင်မှု စွမ်းရည် (passing (or) delivery capacity) တို့ရဲ့ အဓိပ္ပါယ်သတ်မှတ်ပုံနဲ့ တွက်ချက်ပုံများကို ယခုပို့စ်မှာ တင်ပြသွားပါမယ်။
မြေအောက်ရထားလမ်း ကွန်ယက်တစ်ခုမှာ ရထားပြေးဆွဲရာ လမ်းကြောင်း (lines) များစွာရှိပါတယ်။ အဲဒီလမ်းကြောင်းများရဲ့ ၀ိသေသလက္ခဏာများဟာ တစ်ခုနဲ့တစ်ခု ယေဘုယျအားဖြင့် တူညီကြပါတယ်။ အခုအောက်မှာ တွက်ချက် ဖော်ပြထားတာတွေကတော့ လမ်းကြောင်းတစ်ခုအတွက် တွက်ချက်ပုံများဖြစ်ပါတယ်။
သယ်ဆောင်နိုင်မှုစွမ်းရည် (carrying capacity (or ) transportation capacity)
မြေအောက်ရထားပြေးဆွဲသည့် လမ်းကြောင်းတစ်ခု အတွင်းရှိ သယ်ဆောင်နိုင်မှုစွမ်းရည် ဆိုသည်မှာ ဦးတည်ရာ လမ်းကြောင်းတခုအတွင်း စံသတ်မှတ်ထားသော အချိန် တစ်နာရီ အတွင်း သယ်ဆောင်သွားနိုင်သည့် ခရီးပမာဏ (quantity of passengers)ကို ဆိုလိုပါသည်။ ၎င်းသယ်ဆောင်နိုင်မှု စွမ်းရည်ကို မြင့်တက်လာစေရန် ရထားတစ်စီးရှိ တွဲအရည်အတွက်များကို တိုးမြင့်ချိတ်ဆက်ခြင်းဖြင့် ပြုလုပ်နိုင်သော်လည်း ဘူတာရုံများရှိ စင်္ကြံများ တည်ဆောင်ထားမှုပုံစံ (design of platform) (သို့) ပလက်ဖောင်းအရှည် (length of platform)များနှင့် ရထားရပ်နားစဉ် ကိုက်ညီမှု မရှိနိုင်သဖြင့် ၎င်းစွမ်းရည်ကို မြင့်တင်နိုင်မည့်နှုန်း (rate)သည် ပုံမှန်မရနိုင်ပါ။
သယ်ဆောင်နိုင်မှုစွမ်းရည်ကို ပုံသေနည်းဖြင့်တွက်ချက်သော် အောက်ပါအတိုင်းရရှိပါသည်။
A = N.n.b
N သည်လမ်းကြောင်းတလျှောက် သယ်ဆောင်နိုင်မှုစွမ်းရည်၊ အက္ခရာအသေး n သည် ရထားတစ်စီးလုံးရှိ တွဲအရေအတွက်နှင့် b သည် တွဲတစ်ခု၏ သယ်ဆောင်နိုင်သော ခရီးသည်ဦးရေကို အသီးသီးညွှန်းဆိုပါသည်။
လမ်းကြောင်းတစ်ခုအတွင်းရှိ Rush Hour အချိန်အတွင်း သယ်ဆောင်နိုင်မှု စွမ်းရည်ကို တစ်နာရီအတွင်း တွဲ (၈) တွဲပါ ရထား (၃၉) စီးဖြတ်သန်းမှုဖြင့် သတ်မှတ်တိုင်းတာထားပါသည်။ (Rush Hour ကို တနည်းအားဖြင့် Most Busiest Moment ဟုခေါ်ပါသည်။ ၎င်းသည် မနက်အလုပ်သွား၊ ကျောင်းသွားနှင့် ညနေ အလုပ်ပြန်၊ ကျောင်းပြန် စသဖြင့် ခရီးသည် အထူထပ်ဆုံး အချိန်ဖြစ်ပြီး လမ်းကြောင်းတလျှောက် ပြေးဆွဲမှု အကြိမ်အရေအတွက် အများဆုံး ဖြစ်နေသောအချိန် ဖြစ်ပါသည်)
ဆက်လက်ဖော်ပြရသော် ၎င်းသတ်မှတ် တစ်နာရီအတွင်း ရထားတွဲတစ်တွဲအတွင်း ဝင်ဆံ့သည့် ခရီးသည် ပမာဏကို ခရီးသည်ဦးရေ (၁၇၀) ဦးဖြင့် စံသတ်မှတ်ထားပါသည်။ ၎င်းဦးရေ ရရှိနိုင်ရန်အတွက် မတ်တပ်ရပ်စီး ခရီးသည်ဦးရေ သိပ်သည်းမှု (density)ကို p = ၅ (passengers/square meter) ဖြင့်ရယူပါသည်။ ယခုအတိုင်းအတာမှာ မည်သည့် သယ်ယူပို့ဆောင်ရေး အမျိုးအစားတွင်မဆို ကမ္ဘာတ၀ှမ်းလုံး သတ်မှတ်ထားသော စံသတ်မှတ်ချက်တစ်ခု ဖြစ်ပါသည်။ ၎င်းအခြေအနေတွင် ရထားတွဲတစ်ခုအတွင်း ထိုင်လျှက်စီးနိုင်သော ခရီးသည် တစ်ယောက်ရှိပြီး မတ်တပ်ရပ်စီးဦးရေ (၃) ဦးရှိပါသည်။ Rush Hour မဟုတ်သည့် အခြားအချိန်တွင်မှု တွဲတစ်ခုအတွင်း ခရီးသည် (၁၃၀) ဦးရေ သယ်ဆောင်ပါသည်။ (၎င်းအချိန်တွင်း ထိုင်လျှက်စီးနိုင်သော ခရီးသည် တစ်ဦးရှိပြီး မတ်တပ်စီးခရီးသည် (၂) ဦးပါသည်။ ရထားတွဲ အမျိုးအစားများအလိုက် ခရီးသည် တင်ဆောင်နိုင်မှု ပမာဏ အပြောင်းအလဲ ရှိနိုင်ပါသည်)
ထိုနည်းလမ်းဖြင့် လမ်းကြောင်းတစ်ခုရှိ သယ်ဆောင်နိုင်မှုစွမ်းရည်ကို အောက်ပါအတိုင်း တွက်ချက်ရရှိပါသည်။
A = ၃၉ × ၈ × ၁၇၀ = ၅၃၀၄၀ (ခရီးသည်/တစ်နာရီ)
သို့သော် သတ်မှတ် တစ်နာရီ အတွင်း တွဲများအတွင်းသို့ ခရီးသည်အ၀င်အထွက်၊ အတင်အချ မညီမျှမှုကြောင့် တွဲများတစ်ခုချင်းစီသို့ ၀င်ရောက်မှုသည် ခရီးသည် (၂၂၄) ဦးအထိ မြင့်တက်လာနိုင်ပါသည်။ ၎င်းအပြောင်းအလဲကြောင့် critical period ဖြစ်သော မနက် ၈ နာရီ ၂၀ မိနစ်မှ ၈ နာရီ ၅၀ မိနစ်အတွင်း ခရီးသည်များ ပလက်ဖောင်းများတွင် ကျန်နေခဲ့နိုင်ပါသည်။
မနက်ပိုင်းလူကျပ်ချိန် Rush Hour အတွင်း ခရီးသည်လျော့နည်း တင်ဆောင်နိုင်မှုကို ဖယ်ရှားနိုင်ရန်အတွက် မနက် (၇) နာရီမှ (၈) နာရီအတွင်း ရထားအစီး (၄၀) ထိလည်းကောင်း၊ မနက် (၈)နာရီ (၉) နာရီအထိ ၎င်းနှုန်း ထားတိုင်းလည်းကောင်း၊ ရထားများပြေးဆွဲမှုကို တစ်နာရီအတွင်း အစီး (၄၀) အထိ တိုးမြင့်လိုက်ခြင်းဖြင့် လုပ်ဆောင်နိုင်ပါသည်။
ဖြတ်သန်းသွားလာနိုင်မှုစွမ်းရည် (passing (or) delivery capacity)[ဘူတာနှစ်ခုကြားနယ်မြေအတွင်း]
ဘူတာနှစ်ခုကြား အကွာအဝေးတွင် ဖြတ်သန်းသွားလာနိုင်မှုစွမ်းရည် ဆိုသည်မှာ စံသတ်မှတ်ထားသည် အချိန် တစ်နာရီအတွင်း ဦးတည်ရာ လမ်းကြောင်းများအလိုက် ဘူတာတစ်ခုမှတစ်ခုသို့ (၎င်းဘူတာနှစ်ခုကြား အကွာအဝေးနယ်မြေတွင်) အများဆုံးလွှတ်ပေး (ပြေးဆွဲ)နိုင်သည့် ရထားအရေအတွက်ကို ဆိုလိုပါသည်။ ဘူတာ တစ်ခုနှင့်တစ်ခုကြား ဆက်တိုက်လွှတ်သော ရထားများသည် အော်တိုမက်တစ် ပိတ်ဆို့ (auto blocking) လုပ်ပေးနိုင်သော၊ ဖြတ်သန်းဖြတ်လာအတွက် အချက်ပြပေးသော မီးပွိုင့်များရှိသော လမ်းခွဲများ (separate lines) များ၏ အကူအညီဖြင့် ၎င်းတို့ကြား အကွာအဝေးနှင့် အချိန်ကို အန္တရာယ်ကင်းရှင်းရေးအတွက် ပိုင်းဖြတ်သတ်မှတ်ပေးသည်။
ဦးတည်ရာ လမ်းကြောင်းတစ်ခုအတွင်းရှိ ဆက်တိုက်ပြေးဆွဲသည့် ရထားများကြားအချိန်ကို interval period အဖြစ်သတ်မှတ်သည်။ ရထားတစ်စီးနှင့်တစ်စီးကြား interval နည်းလေလေ၊ ဘူတာတစ်ခုနှင့်တစ်ခုကြား ဖြတ်သန်းသွားလာနိုင်မှု များလေလေဖြစ်သည်။ ဘူတာနှစ်ခုကြား ဆက်တိုက်လိုက်သော ရထားနှစ်စင်းကြားရှိ သတ်မှတ်အကွာအဝေးအတွင်း အနည်းဆုံးဖြစ်နိုင်ချေကို အောက်ဖော်ပြပါပုံတွင် ကြည့်ရှုလေ့လာနိုင်ပါသည်-
အထက်ပါပုံမှ ယခုပုံသေနည်းကိုရရှိပါသည်-
Yп = tb + tcm + tбу + tзу + tcn + tп + tрез
Yп = ရထားတစ်စီးနှင့် တစ်စီးကြားရှိ အချိန်အပိုင်းအခြား (interval)၊ (စက္ကန့်)
tb = အချက်ပြမှုအပြီး စက်ခေါင်းမှူး ပြင်ဆင်ချိန် (၂ စက္ကန့်)
tcm = ဘရိတ်အုပ်ချိန် (service break application)၊ ၎င်းအချိန်အတွင်း ရထားသည် စတင်ဘရိတ်အုပ်ရာနေရာမှ မီးနီးမှ မီးစိမ်းအချက်ပြသို့ ကူးပြောင်းသည့် မီးပွိုင့်နား အကွာအဝေးသို့ ဖြတ်ကျော်ပြီး (၂ စက္ကန့်)
tбу = Block area ကိုဖြတ်ကျော်ပြီးအချိန် (စက္ကန့်)
tзу = Protective area ကိုဖြတ်ကျော်သည့်အချိန် (စက္ကန့်)
tcn = Protective area မှနောက်ထပ် မီးပွိုင့်တစ်ခုဆီသို့ ရှေ့မှ ရထားထွက်ခွာသွားပြီးချိန်မှ စရွေ့၊ နောက်ဆက်လိုက်မည့် ရထားမှ signaling ကိရိယာများ၏ အကူအညီဖြင့် ပြင်ဆင်လုပ်ဆောင်ချိန် (၃ စက္ကန့်)
tп = ရထားတစ်စင်းလုံးနှင့် အကွာအဝေး တူညီသည့်နယ်မြေမှ ရထားတစီးလုံးထွက်ခွာရန် လိုအပ်သောအချိန် (စက္ကန့်)
tрез = ရထားမောင်းနှင်မှုကို တိကျစွာ တွက်ချက်ပေးပြီး အချက်ပြမီးနီလင်းနေသော အရံချိန် (၁၅ စက္ကန့်)
tb = အချက်ပြမှုအပြီး စက်ခေါင်းမှူး ပြင်ဆင်ချိန် (၂ စက္ကန့်)
tcm = ဘရိတ်အုပ်ချိန် (service break application)၊ ၎င်းအချိန်အတွင်း ရထားသည် စတင်ဘရိတ်အုပ်ရာနေရာမှ မီးနီးမှ မီးစိမ်းအချက်ပြသို့ ကူးပြောင်းသည့် မီးပွိုင့်နား အကွာအဝေးသို့ ဖြတ်ကျော်ပြီး (၂ စက္ကန့်)
tбу = Block area ကိုဖြတ်ကျော်ပြီးအချိန် (စက္ကန့်)
tзу = Protective area ကိုဖြတ်ကျော်သည့်အချိန် (စက္ကန့်)
tcn = Protective area မှနောက်ထပ် မီးပွိုင့်တစ်ခုဆီသို့ ရှေ့မှ ရထားထွက်ခွာသွားပြီးချိန်မှ စရွေ့၊ နောက်ဆက်လိုက်မည့် ရထားမှ signaling ကိရိယာများ၏ အကူအညီဖြင့် ပြင်ဆင်လုပ်ဆောင်ချိန် (၃ စက္ကန့်)
tп = ရထားတစ်စင်းလုံးနှင့် အကွာအဝေး တူညီသည့်နယ်မြေမှ ရထားတစီးလုံးထွက်ခွာရန် လိုအပ်သောအချိန် (စက္ကန့်)
tрез = ရထားမောင်းနှင်မှုကို တိကျစွာ တွက်ချက်ပေးပြီး အချက်ပြမီးနီလင်းနေသော အရံချိန် (၁၅ စက္ကန့်)
စက်ခေါင်းမှုး ဘရိတ်အုပ်ရမည့်အချိန် (Time of service break application) ကိုတွက်ချက်ရပါမည်။ တစ်နာရီကို (၇၅)ကီလိုမီတာ (တစက္ကန့် ၂၀.၈ မီတာ) အရှိန်ဖြင့် မောင်းနှင်ချိန်၊ အရေးပေါ် ဘရိတ်အုပ်ရမည့် အခါမျိုး (emergency breaking)တွင် (၈) တွဲပါ ရထားတစီး ဘရိတ်အုပ်ရမည့်လမ်းကို (၁၉၀)မီတာ ထားရှိရပါမည်။ ၎င်းအကွာအဝေးကို သတ်မှတ်ထားသော ကိန်းသေတန်ဖိုး (empirical coefficient) ၁.၁၅ နှင့် မြှောက်လျှင် ဘရိတ်အုပ်ရာလမ်းကြောင်း၏ အရှည်(၂၂၀) မီတာကို ရပါမည်။ ၎င်းအရှည်ကို သင်္ကေတ lcm ဖြင့်အဓိပ္ပါယ် သတ်မှတ်ပါသည်။
Block လုပ်သည့်နယ်မြေ tбу နှင့် Protective area - tзу တို့ကို ရထားဖြတ်ကျော်မည့် အချိန်များကို တူညီစွာ ပိုင်းဖြတ်ပါသည်။ block နယ်မြေ၏ အရှည်သည် အရေးပေါ် ဘရိတ်အုပ်ချိန်တွင် ရှိရမည့် ဘရိတ်အုပ်လမ်းကြောင်း အရှည်ထက် မနည်းရပါ။ ယခု လေ့လာပြီးသော ဖြစ်စဉ်တွင် (၂၂၀) မီတာထက် မနည်းရပါ။ ပျှမ်းမျှ ရထားအရှိန် တစ်နာရီ(၄၅)ကီလိုမီတာ (တစက္ကန့် ၁၂.၅မီတာ)ကို ယူ၍တွက်ချက်လျှင်
Block နယ်မြေကို ဖြတ်ကျော်မည့် အချိန် ၁၈ စက္ကန့် ရရှိပါမည်။
ဘူတာ နှစ်ခုကြားနယ်မြေ၊ မီးပွိုင့်များ၏ နောက်ရှိ Protective area ၏ အရှည်ကိုလည်း ယခု တွက်ချက်ထားသော အရေးပေါ် ဘရိတ်အုပ်ချိန် (သို့) အလိုအလျှောက် block လုပ်ပေးနိုင်သည့် လမ်းကြောင်း အရှည်ထက် မနည်းရပါ။ ယခု သုံးသပ်ချက်တွင် ရထား၏ အမြင့်ဆုံးအရှိန် (maximum speed) ကို တနာရီ (၈၀) ကီလိုမီတာနှုန်း ယူရမည်ဆိုပါက ၎င်းအလိုအလျှောက် block လုပ်သောလမ်း၏ အရှည်သည် (၂၅၃) ကီလိုမီတာထိ ရှိလာပါမည်။ ၎င်းလမ်းကြောင်းတွင် ရထားသည်အရှိန် တစ်နာရီ(၅၀)ကီလိုမီတာ (တစက္ကန့် ၁၃.၉မီတာ) ဖြင့် ဖြတ်သန်းမည်ဆိုပါက-
တွဲ (၈) တွဲပါ အရှည် (၁၅၄) မီတာရှိသော ရထားသည် ၎င်းနယ်မြေကို အောက်ပါတွက်ချက်ပုံတိုင်း ဖြတ်ကျော်ပါမည်။
၎င်းနည်းလမ်းဖြင့်
Yп = ၂ + ၁၁ + ၁၈ + ၁၈ + ၃ + ၁၁ + ၁၅ = ၇၅ (စက္ကန့်)
၎င်းမှတဆင့် ဘူတာနှစ်ခုကြားနယ်မြေ ဖြတ်သန်းသွားလာနှိင်မှု စွမ်းရည်ကို တွက်ချက်သော်-
ကိုရရှိပါမည်။ တစ်နာရီ (၄၆) စီးဖြတ်သန်းပြီးဖြစ်ပါမည်။ (၃၆၀၀)သည် တစ်နာရီအတွင်းရှိ စက္ကန့် ဖြစ်ပါသည်။
ထို့ကြောင့် interval ကို အနည်းဆုံး သတ်မှတ်တွက်ချက်မှုအရ အထက်ပါ တွက်ချက်မှုများတွင် မြင့်မားသောနှုန်း တစ်နာရီ (၄၆)စီး ဖြတ်သန်းသွားလာနိုင်မှုကို တွေ့ရှိရပါသည်။ လက်တွေ့ အသုံးချမှုဖြစ်စဉ်များတွင်မူ ရထားတစ်စီးနှင့် တစ်စီး ကြားကာလအချိန် (interval) များသည် ပိုမိုကြာနိုင်သဖြင့် ဖြတ်သန်းသွားလာမှု နှုန်းသည်လည်း လျော့နည်းမည်ဖြစ်သည်။
ဖြတ်သန်းသွားလာနိုင်မှုစွမ်းရည် (passing (or) delivery capacity) [ဘူတာရုံမှ]
ဘူတာရုံမှ ဖြတ်သန်းသွားလာနိုင်မှု စွမ်းရည်ဆိုသည်မှာ သတ်မှတ်အချိန် တစ်နာရီအတွင်း ဘူတာရုံကို ဖြတ်ကျော်သွားနိုင်သည့် အများဆုံးရထား အရေအတွက်ကို ဆိုလိုပါသည်။ ဘူတာရုံသို့ ရထားချဉ်းကပ်မှု (approaching) ဖြစ်စဉ်သည် ဘူတာတစ်ခုနှင့် တစ်ခုကြားနယ်မြေကို ရထားများဖြတ်ကျော်ရသည်ထက် ပိုမိုခက်ခဲပါသည်။ ရပ်နားဘူတာအ၀င် ရထား၏တုန်ခါမှု၊ ဘူတာရုံတွင် ကြာရှည်စွာ ရပ်ထားရမှု၊ ၎င်းကြောင့် ဘူတာရုံမှ အထွက် ကြန့်ကြာစွာ အချိန်ယူရမှု ထို့ကြောင့်ဘူတာရုံမှ ဖြတ်သန်းသွားလာနိုင်မှု စွမ်းရည် ကျဆင်းတတ်ပါသည်။
ထို့အပြင် ဘူတာရုံမှ ဖြတ်သန်းသွားလာမှုသည် ရထားရောက်ရှိ/ထွက်ခွာ အဓိက လမ်းမကြီးပေါ်တွင်သာမက၊ တွဲလှည့် (ရထားခေါင်း ချိန်း/ပြောင်း လဲလှယ်နေရာ လမ်းကြောင်း)၊ အခြားလမ်းခွဲများပေါ် မူတည်၍ ထပ်မံဖြည့်စွက်ချိန်များ လိုအပ်လာပါသည်။ ထို့ကြောင့် ဖြတ်သန်းသွားလာနိုင်မှု စွမ်းရည် ကျဆင်းပါသည်။
ကြားကျသော ဘူတာ (Intermediate station) တစ်ခု၏ အဓိက လမ်းကြောင်းပေါ်တွင် ဖြတ်သွားသော အင်တာဗယ် (interval)ကို တွက်ချက်ပါမည်။ ဘူတာရုံ၏ ပလက်ဖောင်း တည်ရှိရာနေရာကို အင်္ဂလိပ် အက္ခရာ A ဖြင့်ယူဆပါမည်။ အောက်ပါပုံကို ကြည့်ပါ။
ချဉ်းကပ်ချိန် (approaching time) tподх ဟု ခေါ်သည့် အ၀င်မီးပွိုင့်မှ ပလက်ဖောင်းရှိရာ မှတ်တိုင်ဆီသို့ ရထားဖြတ်သွားရန် အကွာအဝေးအတွက် လိုအပ်သောအချိန်အတွင်းတွင် blocking လုပ်ရာနေရာတွင် လိုအပ်မည့်အချိန်နှင့် Protective area ကို ဖြတ်ကျော်ရမည့် အချိန်များတွက်ချက်မှုအားလုံး အကျုံးဝင်ပါသည်။ ရထားရပ်နားချိန် tосm၊ Protective area မှ ဖြတ်ကျော်သွားသော ရထား၏အမြီးဆုံး၊ ရထားထွက်ခွာပြီးချိန် tyx အတွက်ထပ်မံ ဖြည့်စွက်ချိန်များ လိုအပ်လာပါသည်။ ထိုအခြေအနေတွင် ဘူတာရုံတွင် ရထားရပ်နားစဉ် အချိန်တွက်ချက်မှု အပါအ၀င် အင်တာဗယ်လ်များ ပိုင်းဖြတ်မှုကို အောက်ပါ ပုံသေနည်းအတိုင်း ရရှိပါမည်။
Ycm = tb + tcm + tподх + tocm + tyx + tсп + tп + tрез , (စက္ကန့်)
သင်္ကေတများကို တခုချင်း ရှင်းပြပါမည်။
tb = အချက်ပြမှုကို စက်ခေါင်းအဖွဲ့များ (စက်ခေါင်းမှုး+ဒု-စက်ခေါင်းမှုး) သိရှိပြင်ဆင်ချိန် (၂စက္ကန့်)
tcm = ဘရိတ်အုပ်ချိန် (Time of service break application)၊ (၁၂ စက္ကန့်)
tподх = အ၀င်မီးပွိုင့်မှ ပလက်ဖောင်းတွင် ရပ်နားချိန်အပြည့်အဝ ပြုလုပ်ရန် ရထားဖြတ်သွားရမည့် လိုအပ်သော ချဉ်းကပ်ချိန် (approaching time)၊ rush hour (စတေရှင်တွင် ခရီးသည် အထူထပ်ဆုံးအချိန်)များတွင် များစွာသော တိုင်းထွာချက်များ (multiple measurements) အရ - (၁၈) စကန့်မှ (၂၁) စက္ကန့်ကြား
tocm = ဘူတာရှိ အဓိကလမ်းမကြီးတွင်ရပ်နားချိန် - (၁၅) စက္ကန့်မှ (၃၀) စက္ကန့်ကြား
tyx = ရပ်နားမှုအပြီး ရထားထွက်ခွာရန် သတ်မှတ်မီးပွိုင့် စတင်အချက်ပြသောအချိန်
tсп = signaling ကိရိယာများ၏ အကူအညီဖြင့် စက်ခေါင်အဖွဲ့ ပြင်ဆင်လုပ်ဆောင်ချိန် (၃ စက္ကန့်)
tрез = မီးစိမ်းအား ရထားတိကျစွာ ဖြတ်သန်းနိုင်ခြင်းမရှိပါက ပြသထားသော မီးစိမ်း၏ အရံချိန် (၅စက္ကန့်)
tcm = ဘရိတ်အုပ်ချိန် (Time of service break application)၊ (၁၂ စက္ကန့်)
tподх = အ၀င်မီးပွိုင့်မှ ပလက်ဖောင်းတွင် ရပ်နားချိန်အပြည့်အဝ ပြုလုပ်ရန် ရထားဖြတ်သွားရမည့် လိုအပ်သော ချဉ်းကပ်ချိန် (approaching time)၊ rush hour (စတေရှင်တွင် ခရီးသည် အထူထပ်ဆုံးအချိန်)များတွင် များစွာသော တိုင်းထွာချက်များ (multiple measurements) အရ - (၁၈) စကန့်မှ (၂၁) စက္ကန့်ကြား
tocm = ဘူတာရှိ အဓိကလမ်းမကြီးတွင်ရပ်နားချိန် - (၁၅) စက္ကန့်မှ (၃၀) စက္ကန့်ကြား
tyx = ရပ်နားမှုအပြီး ရထားထွက်ခွာရန် သတ်မှတ်မီးပွိုင့် စတင်အချက်ပြသောအချိန်
tсп = signaling ကိရိယာများ၏ အကူအညီဖြင့် စက်ခေါင်အဖွဲ့ ပြင်ဆင်လုပ်ဆောင်ချိန် (၃ စက္ကန့်)
tрез = မီးစိမ်းအား ရထားတိကျစွာ ဖြတ်သန်းနိုင်ခြင်းမရှိပါက ပြသထားသော မီးစိမ်း၏ အရံချိန် (၅စက္ကန့်)
ရထားထွက်ခွာချိန် tyx ကို သတ်မှတ်ရာတွင် နယ်မြေနှစ်ခု သတ်မှတ်ပါမည်။ ရထားအမြှီး (နောက်ဆုံးပိတ်တွဲ) သည် အထွက်မီးပွိုင့် (exit traffic light) ရှိရာ ပလက်ဖောင်းနှင့် protective zone (ပုံတွင် защитный участок ဟုရေးထားသောနေရာ) ကိုဖြတ်ကျော်ပြီးသည်အထိ (၁၈) မှ (၂၀) စက္ကန့် ကြားသတ်မှတ်ပါသည်။ ၎င်းအချိန်တွင် ရထားသည် တစ်နာရီ (၄၅) ကီလိုမီတာ (တစကန့် ၁၂.၅ မီတာ) အရှိန်ဖြင့် ဖြတ်သန်းပါက၊ protective zone ကိုဖြတ်သန်းရမည့်အချိန်သည်-
(၂၂၀) သည် protective zone အရှည်ဖြစ်၍ ၂၂၀ မီတာဖြစ်ပါသည်။
တွက်ချက်ထားသော တန်ဖိုးများကို ပုံသေနည်းတွင် အစားထိုးပါက
အင်တာဗယ် (interval) Ycm = ၂ + ၁၁ + ၂၁ + ၂၀ + ၃၇ + ၃ + ၁၀ + ၅ = ၁၀၉ (စက္ကန့်)
အင်တာဗယ် (interval) ကို သိပြီးနောက် ဘူတာရုံမှ ဖြတ်သန်းသွားလာမှုနှုန်းကို တွက်ချက်သော်-
အထက်ပါ တွက်ချက်မှုမှ ဘူတာရုံမှ ဖြတ်သန်းသွားလာမှုနှုန်းသည် ဘူတာနှစ်ခုကြား နယ်မြေတွင် သွားလာမှုနှုန်းထက် သိသိသာသာ နိမ့်ကျလျှက်ရှိသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့်လက်တွေ့အသုံးချရာတွင် ဘူတာရုံမှလွှတ် (passing) နိုင်မှုပေါ်မူတည်၍ ဘူတာကြားနယ်မြေတွင် ဖြတ်သန်းသွားလာမှုမှာ တစ်နာရီ ၃၃ စင်း - ၃၄ စင်းအထိသာ ရှိတတ်ပါသည်။
သို့သော် ဖြတ်သန်းသွားလာနိုင်မှုနှုန်းကို ရထားတစ်စီးနှင့် တစ်စီးကြားအချိန်ကို လျော့ပေးခြင်းဖြင့် မြင့်မားလာစေရန် ပြုလုပ်နိုင်ပါသည်။ ၎င်းအတွက် ဘူတာသို့အ၀င် blocking zone ၏ အရှည်ကို လျော့ချတည်ဆောက်ပြီး ၀ါ၊ စိမ်း၊ နီနှင့် အခြားရောင်တစ်မျိုးပါ အရောင် (၄) မျိုး signal ပြနိုင်သည့် traffic lights များကို အသုံးပြုရပါမည်။
ဖြေပေးလို့ ရမလား
ဘာခြားနားချက်ရှိသလဲဆိုတာ..
small number of long trains and a large number of shorter trains to serve the same number of passengers..
တကယ်လို့ ..Metro တစ်ခုကို operate လုပ်တော့မယ်ဆိုရင် ဒါက အရေးပါတယ်ထင်လို့ ပါ...
Nice Post...Keep it up...
Thanks 4 sharing the knowledge...
ကျွန်တော် နားလည်ထားသလောက် ပြောရရင်တော့ Train တွေမှာ small number နဲ့ large number ဆိုပြီး မရှိပါဘူး။ Even number ... odd number ပေါ့... စုံကိန်းဂဏာန်းရထား နဲ့ မကိန်းဂဏန်းရထားများပေါ့။ မြေအောက်မှာရထားတွေ ပြေးဆွဲမှု့ဟာ သူတို့ပြေးဆွဲဖို့ schedule ရဲ့ Under control အောက်မှာရှိရပါတယ်။ တနည်း Time table လို့ပြောရင်လည်းရပါတယ်။ ဥပမာ ... ရထားအမှတ် ၇၀၄၈ ဟာ (.....) စတေရှင် မှ (- -း - -) နာရီတွင်ထွက်ခွါပြီး (.......) စတေရှင်ကို (- -း - - ) ရောက်ရှိဖို့အတွက် ... schedule ဆွဲပြီးသားပါ။တကယ်တမ်း ပြေးတဲ့အချိန်မှာလည်း အဲ အစီအစဉ်အတိုင်းပြေးရပါတယ်။ ဒါပေမဲ့ အချိန်တထပ်တည်း မဖြစ်တတ်ပါဘူး။ မြေအောက်ရထားမှာတော့ maximun ၂ မိနစ်ကွာဟတယ်လို့ပြောသံကြားဘူးပါတယ်။ခုဏက number တွေအကြောင်းဆက်ပြောရရင် သူတို့ပြေးဆွဲဖို့အတွက် schedule ရေးဆွဲရာမှာ odd number နဲ့ ဆုံးတဲ့ မ ဂဏာန်းရထားများကိုရေးဆွဲတဲ့နေရာမှာ ပြေးဆွဲရာလမ်းကြောင်းသည် အထက်မှအောက် (from above to below ) ရေးဆွဲပြီးတော့ even number ရထားများကိုတော့ အောက်မှ အထက် (from below to above) ရေးဆွဲပါတယ်။
ခရီးသည် အရေအတွက်တင်ဆောင်နိုင်မှု့အတွက်ကိုတော့ မော်စကိုမီထရိုမှာ Automatic counting စနစ်ရှိပါတယ်။ ဒီစနစ်ရဲ့ အကူအညီနဲ့ ဘယ်ရထားအတွင်း ခရီးသည် အရေအတွက်ဘယ်လောက်ဝင်နိုင်တယ်ဆိုတာ estimate ခန့်မှန်းနိုင်ပါတယ်။ ပွဲတော်ရက်တွေ၊ ရာသီဥတုဆိုးရွားနေတဲ့အချိန်တွေမှာတော့ အခြားအချိန်ထက် အနည်းအများရှိနိုင်ပါတယ်။
ူlong train ... short train ဆိုတာနဲ့ပါတ်သတ်ပြီး ရထားတခုမှာပါတဲ့ တွဲအရေအတွက်အနည်းအများကို ကြည့်ပြီးခေါ်တာဆိုရင် မြေအောက်ရထားမှာ ရှိတဲ့ Electric train တွေရဲ့တွဲအရေအတွက်ဟာ တူညီတတ်ပါတယ်။ မြေပေါ်ပြေးတဲ့ High speed railways တွေမှာတော့ အခြားရထားတွေထက် တွဲအရေအတွက် နည်းပါတယ်။
small number of long trains and a large number of shorter trains to serve the same number of passengers..
ရှင်းပါတယ်။ တစ်နာရီအတွင်းမှာ သယ်ဆောင်နိုင်မယ့် ခရီးသည် အရေအတွက်ချင်း တူပေမယ့် တွဲများပြီး ရထားစင်းရေနည်းရင် အချိန်အကြာကြီး စောင့်ရမယ်။ တွဲနည်းပီး ရထားစင်းရေများတော့လဲ တကယ့် လူကြပ်ချိန်မှာ ပလက်ဖောင်းမှာ ခရီးသည်တွေ အများကြီး ကျန်နေမယ်။ အဓိကကတော့ လမ်းကြောင်းတစ်ခုမှာ သွားလာနေတဲ့ အများဆုံး ခရီးသည် ပမာဏကို ကာမိအောင် ရထားစင်းရေနဲ့ တွဲအရေအတွက် မျှအောင် လုပ်ပေးနိုင်ရင် ရထားစီးသူအတွက်လဲ အဆင်ပြေမယ်။ တကယ့် peak hour မှာ ပလက်ဖောင်းပေါ်က လူတွေကိုလဲ ရှင်းပေးနိုင်မယ်။ ဒီလိုပဲ မြင်ပါတယ်။
ဟုတ်ကဲ့..မေးတဲ့မေးခွန်းက နည်းနည်း မရှင်းဘူးဖြစ်သွားတယ်..(developer or operator) ဘက်ကကြည့်ရင်.. တွဲရေများပြီး ရထားစင်းရေနည်းရင်, operating cost ကို minimizes လုပ်နိုင်တဲ့အတွက် တွက်ချေကိုက်ပါတယ်။ Passenger ဘက်ကကြည့်ရင်,
တွဲရေနည်းပြီး ရထားစင်းရေများရင် more frequent service ရတဲ့အတွက် အချိန်ကုန်တာသက်သာပါတယ်..Monday to Firday လိုနေ့ မျိုးတွေမှာ ရုံးသူရုံးသားတွေ,ကျောင်းသားတွေဟာ peak hour လို လူအရမ်းများတဲ့ အချိန်တွေဆိုရင်..ရထားတစ်စီးတစ်စီးလာဖို့  အရမ်းစောင့်ရပါတယ်...လူတွေကအရမ်းများတော့ Platform ပေါ်မှာ ကျန်ခဲ့တဲ့လူတွေက နောက်ထပ်ရထားလာဖို့  အကြာကြီးစောင့်ရပါတယ်...ဒါကြောင့် တွဲနည်းနည်းနဲ့ ..ရထားစင်းရေများများလာအောင်လုပ်ပေးတာ ပိုအကျိုးရှိသလားဆိုတာ သိချင်လို့ ပါ...အစ်ကိုတို့  နှစ်ယောက်လုံးဖြေပေးထားတဲ့မေးခွန်းတွေအတွက် ကျေးဇူးအထူးတင်ရှိပါတယ်..
Who is Charron?Is it one of the students from Construction Management class in SIM University?
Hmm..nice pics. Nice blog. Happy blogging!