ကျွန်တော် ဒီပို့စ်လေးမှာ Electrification of railway transport အကြောင်းကို အနည်းငယ် မိတ်ဆက်ပေးလို ပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ရထားပို့ဆောင်ရေးအပိုင်းမှာ အခြေအနေ အရပ်ရပ်အရ လျှပ်စစ်ဓာတ်အား အသုံးပြု မောင်းနှင်သော လျှပ်စစ်ရထားများကို ပြောင်းလဲ သုံးစွဲနိုင်ခြင်း မရှိသေးပါဘူး။ သို့သော် နောင်တချိန် အသုံးပြုလာရမှာ မလွဲဧကန် ဖြစ်တဲ့အတွက် ကျွန်တော် လေ့လာမိသမျှ လျှပ်စစ်ရထားများအတွက် ဓာတ်အားပေးခြင်း အပိုင်းကို ရေးသားလိုက်ပါတယ်။ technical term များကို တတ်နိုင်သမျှ ဖတ်ရလွယ်ကူအောင် ကြိုးစား၍ ဘာသာပြန်ဆို ရေးသားထားပါတယ်။
နိဒါန်း
လျှပ်စစ်ရထားများအတွက် လိုအပ်သော လျှစ်စစ်စွမ်းအင်ကို လျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ ထုတ်လွှတ်ပေးသော လျှပ်စစ်ဓာတ်အားပေးစနစ် မှတဆင့် ရယူကြသည်။ လျှပ်စစ်ဓာတ်အားပေးစက်ရုံ (electrical power plant ) များရှိ ဂျင်နရေတာ (generator)များမှ လျှပ်စစ်ဓာတ်အားကို ထုတ်ယူ၍ လျှပ်စစ်ဓာတ်အားခွဲရုံများ (electric substations)၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် electric traction substations များမှတဆင့် လျှပ်စစ်ဓာတ်အားသုံး ရထားလမ်းများသို့ ဓာတ်အားပေးပို့ သုံးစွဲပါသည်။
နောက်ဆုံးတွင် လျှပ်စစ်စွမ်းအင်ကို သက်ဆိုင်ရာ ရထားများတွင် သုံးမည့် အမျိုးအစား (AC or DC) သို့ပြောင်းလဲ၍ traction network များမှတဆင့် ပို့လွှတ်ကာ သုံးစွဲပါသည်။ လျှပ်စစ်ဓာတ်အားပေး စက်ရုံများရှိ ဂျင်နရေတာများမှအစပြု၍ traction substations များအထိ ဓာတ်အားပို့လွှတ်သည့် စနစ်ကို လျှပ်စစ်ရထားလမ်းများအတွက် power supply system ဟုသတ်မှတ်နိုင်ပါသည်။
လျှပ်စစ်ရထားလမ်းများ၏ powere supply system တွင် အဓိကအားဖြင့် အပြင်ဘက်ပိုင်း (exterior) နှင့် traction အပိုင်းဟူ၍ အပိုင်း (၂) ပိုင်းခွဲခြားနိုင်ပါသည်။
အပြင်ဘက်ပိုင်း (exterior)တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ (ရေအားလျှပ်စစ်၊ အပူစွမ်းအင်သုံး၊ အနုမြူစွမ်းအင်သုံး စသည်ဖြင့်)နှင့် ဓာတ်အားခွဲရုံများ၊ လျှပ်စစ်ဓာတ်အားလိုင်းများ၊ လျှပ်စစ် ဓာတ်အား ကွန်ယက်စနစ် များပါဝင်သည်။
Traction အပိုင်းတွင်မူ လျှပ်စစ်ရထား မောင်းနှင်မည့် traction power အတွက် traction substation များ၊ electric traction network များပါဝင်ပါသည်။ electric traction network တွင် contact system (contact rail or catenary) နှင့် railway network များ၊ feeder lines နှင့် draw off lines များပါဝင်သည်။ ပုံမှန်အားဖြင့် လျှပ်စစ်ရထားလမ်းများအတွက် ဓာတ်အားကို ဓာတ်အားခွဲရုံ တစ်ခုတည်းမှ ရယူသည်မဟုတ်ဘဲ electrical supply network တခုလုံးမှရယူခြင်းဖြစ်သည်။
လျှပ်စစ်ရထားလမ်းများအတွက် ဓာတ်အားပေးခြင်းဆိုင်ရာ အခြေခံ အချက်အလက်များ
လျှပ်စစ်ရထားများအတွက် Power supply system ကို အခြေခံအားဖြင့် အောက်ပါပုံတွင် ဖော်ပြထားပါသည်။
ပုံတွင်-
I - လျှပ်စစ်ဓာတ်အားပေးစနစ်၏ အပြင်ဘက်ပိုင်း(exterior of power supply system)၊ II – traction power supply အပိုင်း၊ III – electric mobile structure၊ 1- လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ 2 - ဓာတ်အားခွဲရုံ၊ 3 - လျှပ်စစ်ဓာတ်အားလိုင်း (3 phase transmission line)၊ 4 - traction substation၊ 5 –feeder line၊ 6 – draw off line၊ 7 – contact system (catenary)၊ 8 - သံလမ်းများ၊ 9 – post (point) sectioning၊ 10 – section insulator၊ 11 – pantograph၊ 12 - motor starting devices၊ 13 – traction motors၊ 14–station ၂ ခုကြားရှိ ဇုန်။
လျှပ်စစ်ဓာတ်အားပေးစနစ်ကို အောက်ပါ အချက်များအပေါ် မူတည်၍ အမျိုးအစား ခွဲခြားနိုင်ပါသည်။
(၁) လျှပ်စစ်ဓာတ်အားပေးပို့မည့် conductor အမျိုးအစား (contact rail သို့မဟုတ် catenary )
(၂) ဗို့အားအမျိုးအစား (နိမ့် / မြင့်)
(၃) type of current (AC or DC)
(အကယ်၍ AC ကို အသုံးပြုပါက frequency နှင့် single phase or three phase ကိုပါ ထည့်သွင်း စဉ်းစားပါသည်)
ပုံမှန်အားဖြင့် လျှပ်စစ်ရထားလမ်းများတွင် DC သို့မဟုတ် single phase AC စနစ်ကို အသုံးပြုကြသည်။ AC three phase စနစ်ကို အသုံးပြုလျှင် အနည်းဆုံး contact wire (catenary) ၂ ခု အသုံးပြုရမည်ဖြစ်သဖြင့် ၎င်းစနစ်ကို အသုံးပြုခြင်းမရှိပါ။ single phase စနစ်ကိုသာ တွင်ကျယ်စွာ အသုံးပြုကြပါသည်။ DC စနစ်တွင် လျှပ်စစ်မော်တာများကို ဓာတ်အား တိုက်ရိုက်ပေးပို့နိုင်ရန်အတွက် low voltage DC ကိုသုံးလေ့ရှိပြီး AC စနစ်တွင်မူ လျှပ်စစ်ရထားများအတွင်း transformer များ၏ အကူအညီဖြင့် voltage ကို လွယ်ကူစွာ နှိမ့်ချနိုင်သဖြင့် ပိုမိုမြင့်မားသော voltage ကို အသုံးပြုလေ့ရှိသည်။
DC စနစ်ကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားပေးခြင်း
DC စနစ်တွင် လျှပ်စစ်မော်တာများကို contact system (contact rail သို့မဟုတ် catenary)မှ တိုက်ရိုက် ဓာတ်အားရယူ၍ အသုံးပြုလေ့ရှိကြသည်။ voltage regulation အပိုင်းကိုမူ variable resistor များ (rheostat) အသုံးပြုခြင်း၊ လျှပ်စစ်မော်တာများအား regrouping ပြုလုပ်ခြင်း နှင့် ယခုနောက်ပိုင်းတွင် pulse control စနစ်အားအသုံးပြု၍ regulation ပြုလုပ်ခြင်းကို အသုံးပြုကြပါသည်။ DC စနစ်သုံးလျှပ်စစ်ရထား လမ်းပိုင်းအတွက် လိုအပ်သော လျှပ်စစ်စွမ်းအင်ကို semiconductor converter များကိုအသုံးပြု၍ ပြောင်းလဲ ရယူကြပါသည်။ အစောပိုင်း ဓာတ်အားခွဲရုံများတွင်မူ အခြေခံ motor–generator များကို တပ်ဆင်အသုံးပြုကြပြီး နောက်ပိုင်း ကာလတွင် AC မှ DC သို့ပြောင်းလဲရန်အတွက် semiconductor converter များကိုသာ အသုံးပြုလာကြသည်။
Auxiliary လျှပ်စစ်မော်တာများ (compressor များအတွက် driving mechanism များ၊ ventilator များ၊ စသည်တို့) အတွက် လျှပ်စစ်ဓာတ်အားကိုလည်း contact system မှပင် တိုက်ရိုက် ရယူသုံးစွဲပါသည်။ ထို့ကြောင့် ၎င်းမော်တာများမှာ အရွယ်ပမာဏ ကြီးမားလေးလံကြပြီး များသောအားဖြင့် ၎င်းတို့အတွက် လျှပ်စစ်ဓာတ်အားကို rotation နှင့် statical inverter များမှရယူကြသည်။ ဥပမာအားဖြင့် လျှပ်စစ်ရထား အမျိုးအစား ЭР2Т, ЭД4М, ЭТ2М (ရုရှားနိုင်ငံတွင် အသုံးပြုသည်) တို့တွင် DC 3000 volts မှ three phase AC 220 volts, frequency 50 Hz သို့ပြောင်းလဲသုံးစွဲနိုင်သော dynamotor (motor-generator) များကို အသုံးပြုကြသည်။
လျှပ်စစ်ရထားလမ်းများတွင် အခြေခံအားဖြင့် 1500 volts နှင့် 3000 volts တို့ကို အသုံးပြုကြပါသည်။ ထို့ကြောင့် လျှပ်စစ်ရထားများတွင် အသုံးပြုသော မော်တာများကို 1500 ဗို့ထက် မကျော်လွန်သော လျှပ်စစ်ဓာတ်အားအတွက် ထုတ်လုပ် အသုံးပြုကြသည်။ သို့သော် ထိုလျှပ်စစ်မော်တာများကို series ချိတ်ဆက် အသုံးပြုသော electric traction network တွင်မူ 3000 ဗို့ (3KV) ထိ သုံးစွဲနိုင်သည်။ tram များ၊ trolleybus များ နှင့် metro တွင်မူ DC 600, 750 နှင့် 1500 ဗို့များကို သုံးစွဲလေ့ရှိသည်။ metr၀ အတွက် norminal voltage မှာ 750 ဗို့ ဖြစ်သည်။ DC စနစ်၏ အားနည်းချက်တခုမှာ ရထားစတင်ထွက်ခွာချိန် starting rheostat များတွင် power loss များခြင်းဖြစ်သည်။
AC စနစ်ကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားပေးခြင်း
AC စနစ်ဖြင့် ဓာတ်အားပေးရာတွင် ဥရောပနိုင်ငံများ (ဂျာမဏီ၊ ဆွစ်ဇာလန် စသည့် နိုင်ငံများ) တွင် single phase AC 15 KV, 16 Hz ကို အသုံးပြုကြသည်။ DC စနစ်နှင့် နှိုင်းယှဉ်လျှင် အဓိကအားသာချက်မှာ contact rail or catenary တွင် ပိုမိုမြင့်မားသော voltage ကိုအသုံးပြုနိုင်ခြင်း ဖြစ်သည်။ ရုရှားနိုင်ငံတွင်မူ 25 KV 50 Hz ကိုအသုံးပြုသည်။ low frequency ဖြစ်သဖြင့် AC commutator motor များ အသုံးပြုနိုင်သည်။ မော်တာများအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားကို မည်သည့် inventer မှအသုံးမပြုဘဲ transformer ၏ secondary winding မှရယူသည်။ Auxiliary လျှပ်စစ်မော်တာများ (compressor များအတွက် driving mechanism များ၊ ventilator များ စသည်တို့)သည်လည်း commutator motor များဖြစ်ပြီး ၎င်းတို့အတွက် လျှပ်စစ်ဓာတ်အားကို transformer ၏ သီးခြား winding မှနေ၍ ရယူသည်။
ယခုအခါ Single phase AC စနစ်ကို ကမ္ဘာအနှံ့အပြားတွင် ပိုမိုကျယ်ပြန့်စွာ သုံးစွဲလာကြပါသည်။ အဘယ်ကြောင့်ဆိုသော် DC စနစ်နှင့် နှိုင်းယှဉ်ပါက စွမ်းအားတူသော လျှပ်စစ်ရထားတစ်စီးအတွက် traction network တွင် power loss ဖြစ်ခြင်းသည် 11 ဆ သက်သာပြီး၊ contact system အတွက် voltage drop ဖြစ်ခြင်း သည် 3.3 ဆ သက်သာ၍ traction substation နှစ်ခုကြား အကွာအဝေး သည် 2 ဆ ပိုမိုသည်။ ဤစနစ်၏ အားနည်းချက်တစ်ခုမှာ လိုအပ်သည့် frequency ကို ဓာတ်အားခွဲရုံများတွင် ပြောင်းလဲပေးရခြင်း (သို့မဟုတ်) လျှပ်စစ်ရထားလမ်းများအတွက် ဓာတ်အားပေးစက်ရုံ သီးခြား ဆောက်လုပ်ပေးရန် လိုအပ်ခြင်းဖြစ်သည်။
နိဂုံး
လျှပ်စစ်ရထားလမ်းများအတွက် ဓာတ်အားပေးရာတွင် အခြားသော အချက်အလက် မြောက်များစွာ သိရှိရန် ကျန်ရှိ နေပါသေးသည်။ ဤစာကိုရေးရခြင်း၏ ရည်ရွယ်ချက်မှာ ရထားလမ်းများအတွက် power supply system နှင့်ပတ်သတ်၍ အနည်းငယ်မျှ ဖြစ်စေ သိရှိသွားပြီး ဆက်လက် လေ့လာနိုင်ရန် ဖြစ်ပါသည်။ ကျွန်တော် ကိုယ်တိုင်သည်လည်း လေ့လာနေဆဲသူ တစ်ယောက်သာလျှင် ဖြစ်သဖြင့် ဤစာကို ဖတ်ရှုရာတွင် ချောမောပြေပြစ်မှု မရှိခြင်းနှင့် လိုအပ်ချက်များရှိပါက ကျွန်တော်၏ လေ့လာမှုနှင့် အရေးအသားတွင် အားနည်းခြင်း တို့ကြောင့်သာ ဖြစ်ပါသည်။
မှီငြမ်းကိုးကား
၁၊။В.В.Лукин , П.С. Анисимов, Ю.П. Федосеев – Вагоны общий курс . – М. : Маршрут ,2004 . - 424с.
၂။ В.С. Почаевц. – Введение в специальность Электроснабжение на железнодорожном транспорте: Учебное пособие для техникумов и колледжей ж.д транспорта. – М.: Маршрут,2005.-139с.
၃။ www.wikipedia.org
Related Posts
1. မီးရထားကဏ္ဍမိတ်ဆက်
2. Linear motor သုံး ရထားများနှင့် Rotational Motor သုံးရထားများ နှိုင်းယှဉ်ချက်
3. Contact rail များ အကြောင်း တစေ့တစောင်း
ပရင့်ထုတ်ရန်

ဗဟုသုတရပါ၏
Rail Transit vehicles တွေအတွက်..Power supply က, electric power sources နဲ့  Diesel Power sources ရှိတယ်လို့ ကြားဖူးပါတယ်..ဒါပေမယ့် Diesel locomotives သုံးတဲ့ commuter rail system က အရမ်းရှားပါတယ်...ဒါကလည်း electric power က ပိုအကျိုးရှိလို့ ပေါ့...သို့ သော်, electric power supply က failure ဖြစ်သွားရင်, system တစ်ခုလုံး ဘာဖြစ်သွားနိုင်ပါသလဲ
ပြီးတော့.အချိန်ဘယ်လောက်အတွင်း ပြန်ပြီး recover လုပ်ပေးနိုင်ပါသလဲ..အဲဒါလေးသိချင်ပါတယ်...
Power supply အကြောင်း ဗဟုသုတဝေမျှတဲ့ အကိုကြီး ကျေးဇူးတင်ပါတယ်။အကိုကြီး မဖြေခင်ကျွန်တော် နည်းနည်းဝင်ဖော .. အဲ ပြောကြည့်ဦးမယ်။ ဂျိမ်းဝပ်စ်စထွင်ထွင်ခြင်းတုန်းကတော့ Stream source(ရေနွေးငွေ့သုံး) နဲ့ဗျ။ အခုချိန်မှာတော့ Electric source နဲ့ ပေါ့။မော်စကိုမြေအောက်ရထားမှာတော့ Power supply အတွက် Underground cable network 20 000 ကီလိုမီတာခန့် ရှိပါသတဲ့။ Traction substation 39 ခု ထိန်းချုပ်ဖြန့် ဖြူးမှု့အောက်မှာ ရှိပါသတဲ့။ 2010 - 2012 မှာ လုံးဝယုံကြည်အားထားရနိုင်တဲ့ uninterrupted power supply of traction စနစ်ကို အသုံးပြုပြီး ပါဝါ ထောက်ပံ့ပေးတော့မယ်လို့ ဖတ်ရပါတယ်။ ကျွန်တော်နားလည်ထားသလောက်တော့ Power supply system ဟာ တော်တော်အရေးကြီးပါတယ်။ လုံးဝ run out ဖြစ်မသွားအောင် control centre မှာရှိတဲ့ လျှပ်စစ်အင်ဂျင်နီယာများက အချိန်ပိုင်းစစ်ဆေးကြည့်ရှု့ ခြင်း၊ အသုံးပြု ဂျင်နရေတာ ကေဘယ် ၊ rail များကို စစ်ဆေးခြင်းနှင့် အခြားကိရိယာများကို စစ်ဆေးခြင်းများနှင့် ပါဝါ တင်ပို့ ခြင်းကိစ္စရပ်များကို ပြတ်တောက်မသွားအောင် ထိန်းသိမ်းကျပါတယ်။ အထူးသဖြင့် spare bets တွေထားရှိပြီး power မပြတ်အောင်၊ တခုအလုပ်မလုပ်တာနဲ့ အခြားတခု နဲ့ ထပ်မံဖြည့်တင်းနိုင်အောင် စီစဉ်ထားရှိပါတယ်။ ကျွန်တော် စဉ်းစားမိသလောက်တော့ power failure ဖြစ်ဖို့ ပါဆန့်တိတ် တော်တော်နည်းပါတယ်။ ဖြစ်မယ်ဆိုရင်လည်း အရံနဲ့ အစားထိုးမယ်။ အဲလိုမှ မလုပ်နိုင်ရင်တော့ Crash ဖြစ်ဖို့ များပါတယ်။
[IMG]http://i44.tinypic.com/2i7b9ky.jpg[/IMG]
အထက်ပါပုံတွင် power plants А နှင့် Б မှ လျှပ်စစ်ဓာတ်အားကို traction substation T သို့ ပို့ဆောင်ပုံကို အရိုးရှင်းဆုံး ပြထားပါတယ်။ ဒီအခြေအနေမှာ ဓာတ်အားပေးစက်ရုံ ၂ ခုလုံးကနေတပြိုင်ထဲ ဓာတ်အား ပေးနေတာ မဟုတ်ပါဘူး။ ဓာတ်အားပေးစက်ရုံ A ကို အဓိကထား အသုံးပြုပြီး Б ကိုတော့ အရန်အနေနဲ့ အသုံးပြု ထားတာပါ။အကယ်၍ အကြောင်း တခုခုကြောင့် ဓာတ်အားပေးစက်ရုံ A မှ ဓာတ်အားမရတော့တဲ့ အခြေအနေမှာဆိုရင် စက်ရုံ Б မှဓာတ်အားကို ရယူပြီး ရထားသွားလာမှု လုပ်ငန်းများ ရပ်တန့် မသွားရအောင် လျှပ်စစ်ဓာတ်အား ဆက်လက်ပေးထားမှာ ဖြစ်ပါတယ်။
[IMG]http://i41.tinypic.com/9qjjmt.jpg[/IMG]
ဒီပုံကတော့ traction substations ၂ ခုကို power plant ၂ ခုမှ ဓာတ်အား ပေးထားပုံ ဖြစ်ပါတယ်။ သဘောတရားခြင်း တူတူပါပဲ။ ခုနပုံနဲ့ ကွာခြားလာတာ တခုကတော့ ဓာတ်အားပေးတဲ့လိုင်း ၂ ခု ဖြစ်လာတာပါပဲ။ ပြီးတော့ traction substation ၂ ခုကြားမှာ jumper cable နဲ့ ဆက်သွယ် ထားခြင်းပါပဲ။ သာမန် အခြေအနေမှာ ထို jumper အနေနဲ့ switch off ဖြစ်နေမှာ ဖြစ်ပြီး traction substations T1 နဲ့ T2 ဟာ သူတို့ အတွက် သီးခြား power plant တွေကနေပြီး ဓာတ်အား ရယူနေမှာ ဖြစ်ပါတယ်။ အကယ်၍ traction substation တခုကို ဓာတ်အားပေးပို့တဲ့ ဓာတ်အားလိုင်း ၂ ခုထဲမှ တခုခု ပြတ်တောက်သွားရင်ဖြစ်စေ ၊ ဓာတ်အားပေးစက်ရုံတခုခုမှ ဓာတ်အားကို လုံးဝ မရနိုင်တော့တဲ့ အခြေအနေမှာဖြစ်စေ ဒုတိယ ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားကို Jumper မှတဆင့် လိုအပ်တဲ့နေရာကို ပို့ဆောင်ပေးပါတယ်။ ထို့ကြောင့် system ကြီးတခုလုံး shut down ဖြစ်သွားနိုင်ဖို့ဆိုတာ ဖြစ်နိုင်ချေ အလွန်နည်းပါတယ်လို့ ဖြေဆိုပါရစေ။
တကယ်လို့ တခဏတာ ဓာတ်အား ပြတ်တောက်သွားခဲ့ရင် အချိန် ဘယ်လောက်အတွင်း recover ပြန်လုပ်နိုင်မလဲ ဆိုတဲ့ မေးခွန်းကိုတော့ ကျွန်တော် အတိအကျ မဖြေဆိုနိုင်သေးပါ။ အချိန်ကာလအားဖြင့် မိနစ်ပိုင်းမျှသာ ကြာမြင့်နိုင်ပါတယ်။ ကျွန်တော်တို့ တတိယနှစ် BE ကျောင်းသားဘ၀မှာ လုပ်ငန်းခွင် လက်တွေ့ လေ့လာရေး ကာလမှာ မြန်မာနိုင်ငံ အလယ်ပိုင်းက ဆည်တော်ကြီး ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကို သွားရောက် လေ့လာခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေတဲ့ စက်ရုံတောင်မှ တခါတရံ ဓာတ်အားမထုတ်နိုင်လို့ ရပ်တန့်သွားတဲ့ အခါမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း ဖြစ်တတ်ပါတယ် (ဖြစ်တောင့်ဖြစ်ခဲပါ) ။ အဲဒီအချိန်မှာ အရန် ဒီဇယ်ဂျင်နရေတာနဲ့ ဓာတ်အားပြန်လည် ရယူတာကို ကြုံခဲ့ ရပါတယ်။ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားချိန်နဲ့ အရန် ဒီဇယ်ဂျင်နရေတာ စတင်လည်ပတ် တဲ့အချိန်ဟာ မိနစ်ပိုင်းသာ ကွာပါတယ်။ ဓာတ်အားပေးစနစ် ချွတ်ယွင်းသွားချိန်မှာ အရန်စက်လည်နိုင်ဖို့ကို synchronize လုပ်ထားတဲ့ အတွက် အခုလို အချိန်တိုအတွင်း ဓာတ်အား ပြန်လည်ရယူနိုင်တာ ဖြစ်ပါတယ်။ လျှပ်စစ်ရထား လမ်းများတွင်လည်း ဤကဲ့သို့ပင် ဖြစ်မည်ဟု ထင်မှတ်ပါတယ်။ ကျွန်တော်၏ အမြင်သာ ဖြစ်သဖြင့် အမှားအယွင်း တစုံတရာရှိခဲ့လျှင် ကျွန်တော့်ထက် နားလည်တတ်ကျွမ်းသူများ ၀င်ရောက် ပြင်ဆင်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးပါ။
အစ်ကိုကြီးရေးတဲ့.."Contact rail များ အကြောင်း တစေ့တစောင်း"...
ဆိုတဲ့ link ကိုဖတ်တော့..third rail ဆိုတာ တွေ့ ပါတယ်..ဒါဆို.electrical power supply က third rail ကလာတာပေါ့။ ဒါဆို overhead wires ကရော အစ်ကိုကြီး? အခုအစ်ကိုကြီးအခုရေးတဲ့ ဆောင်းပါးထဲက ရထားတစ်စီးပုံက overhead wires ကို သုံးထားတဲ့ ရထားလား? တကယ်လို့  ဟုတ်တယ်ဆိုရင်..ဘာကွာခြားချက်ရှိပါသလဲ? between overhead wires and third rail ပေါ့..တကယ်လို့  overhead wires and third rail ကို combine လုပ်ပြီး သုံးရင် သုံးလို့ ရပါသလား? ပြီးတော့ ..overhead wires မျိုးကို ဘယ်နေရာမျိုးမှာ သုံးတက်တာပါလဲ?..third rail ကို ဘယ်နေရာမျိုးမှာ သုံးတက်တာပါလဲ?ဘာလို့ သုံးကြသလဲဆိုတာ အစ်ကိုကြီးအားရင် post ရေးပေးပါလို့  တောင်းဆိုပါရစေ....ဓာတ်ပုံကလေးတွေနဲ့ ရေးပေးလို့ရရင် ရေးပေးစေချင်ပါတယ်...ကျေးဇူးအများကြီးတင်ပါတယ်...
အစ်ကိုတို့ ၂ယောက်စလုံးဖြေပေးထားတဲ့ answer တွေအတွက် ကျေးဇူးပါ..
third rail လို့ ခေါ်တဲ့ contact rail ကနေ လျှပ်စစ်ဓာတ်အား ရယူတာကိုတော့ မြေအောက်ရထား (metro ) တွေမှာ အသုံးပြုကြပါတယ်။ အဲဒီစနစ်မှာတော့ ရထားရဲ့ ဘယ်ဘက် (သို့မဟုတ်) ညာဖက်မှာရှိတဲ့ contact rail တွေမှ လျှပ်စစ်ဓာတ်အားကို ရယူရမှာ ဖြစ်တဲ့အတွက် ဓာတ်အားရယူတဲ့ panthograph အပိုင်းဟာ overhead wire အသုံးပြုတဲ့ မြေပေါ်ရထားများလို ရထားရဲ့ အပေါ်ပိုင်းမှာ မဟုတ်ဘဲ အောက်ဘက် ဘေး ဘယ်ညာ မှာ ရှိတတ်ပါတယ်။ contact rails များအကြောင်း တစေ့တစောင်းဆိုတဲ့ ပို့စ်မှာဖော်ပြထားတဲ့ ပုံကို ကြည့်နိုင်ပါတယ်။ Charron မေးသလိုမျိုး အဲဒီစနစ် နှစ်ခု ( overhead wires and contact rails ) တွေကို ပေါင်းစပ်ပြီး အသုံးပြုတာကိုတော့ ကျွန်တော့်ရဲ့ လေ့လာမှု အားနည်းခြင်းကြောင့် မတွေ့ဘူးသေးပါ။ ဆက်လက် လေ့လာ၍ နောက်ထပ်လဲ electrical ပိုင်းနဲ့ ပတ်သတ်တဲ့ ပို့စ်များကို အချိန်ရလျှင် ရသလို ရေးသားပေးပါမယ်။ကျေးဇူးပါ။